Tuesday, January 3, 2012

တရားအစစ်အမှန်ဆိုတာ ဘယ်လို အခါမျိုးမှာ သိနိုင်ပါသလဲ?....

( တပည့်တော်မသိပါသဖြင့် အောက်ပါမေးခွန်းများကို ထိမိသော စကားလုံးများဖြင့် ရှင်းပြပေးတော်မှုပါရန် ခြေတော်ဦးခိုက်လျှောက်ထားပါသည် အရှင်သူမြတ်ဘုရား)
၁။တရားအစစ်အမှန်ဆိုတာ ဘယ်လို အခါမျိုးမှာ သိနိုင်ပါသလဲ
၂။တရားဆိုတာ ကျင့်ကြံတိုင်းရနိုင်ပါသလား
၃။အကုသိုလ်နဲ့ ကုသိုလ်ရဲ့ ကွာခြားချက်
၎။လူဖြစ်နိုင်မယ့် ကုသိုလ်အကျိုး
၅။ငရဲ ဆိုတာ တကယ်ရှိပါသလား
၆။ နတ်ပြည်ဆိုတာရော တကယ်ရှိပါသလား
၇။ခင်ပွန်းကြီး (၁၀)ပါးကို ပြစ်မှားမိလျှင် မည်သို့သော ဒုက္ခများကြုံနိုင်ပါသလဲ
၈။ဗုဒ္ဒဘာသာကို ဘယ်အရွယ်တွင် သင်ကြားပါက ထေရ၀ါဒစစ်စစ်ဖြစ်နိုင်ပါသလဲ
..............................................။.......................................................

ဒကာ ချစ်ရင်ထူးရေ..ဒကာမေးထားတဲ့ မေးခွန်းတွေကို ဖြေပေးချင်ပါတယ်။ ဒီရက်ပိုင်းမှာ ကော်နက်ရှင်ကစုတ်ချာနေတာကတစ်မျိုး ကျန်းမာရေးမကောင်းတာက တစ်ကြောင်းနဲ့ အခုမှပဲ ဖြေပေးနိုင်တာကို နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဦးဇင်းဒကာ့ရဲ့မေးခွန်းတွေကို အလျဉ်းသင့်သလို ဖြေပေးသွားပါ့မယ်။ ကဲ...အခုတော့ ပဌမဦးဆုံးမေးခွန်းဖြစ်တဲ့ တရားအစစ်အမှန်ဆိုတာ ဘယ်လို အခါမျိုးမှာ သိနိုင်ပါသလဲ..ဆိုတဲ့ မေးခွန်းကို အရင်ဖြေပေးလိုက်ပါတယ်။

``မိမိရဲ့ ကိုယ်ပိုင်ဥာဏ်နဲ့ ဝေဖန်ပိုင်ခြား၍ သိမြင်နိုင်တဲ့အခါမျိုးမှာ တရားစစ်တရားမှန်ကို သိနိုင်ပါတယ်´´

``ဒကာရဲ့အမေးက စကားလုံးဖြည့်စွက်ပေးဖို့ လိုအပ်နေပါတယ်။ တရားအစစ်အမှန်ဆိုတာ ကုသိုလ်တရားကို ဆိုလိုချင်တာလား အကုသိုလ်တရားကိုဆိုလိုချင်တာလား..။ ´´ ရှင်းရှင်းလင်းလင်း မေးဖို့လိုအပ်ပါတယ်။ ဒါမှ ဖြေရတဲ့သူက ဖြေလို့ကောင်းတာပါ။

``ဒုစရိုက်တရား သုစရိုက်တရားဆိုပြီးတော့ တရားနှစ်မျိုးကို ခွဲခြားပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောကြားတော်မူခဲ့ တယ်မို့လား။´´ (ဒုစရိုက်တရား သုစရိုက်တရား အပြည့်အစုံရှင်းလင်းချက်များကိုတော့ အရှင်ဇနကာဘိဝံသရဲ့ ရတနာ့ဂုဏ်ရည်ကျမ်းမှာ ဖတ်ရှု့လေ့လာလိုက်ပါ။ သိပ်အထူကြီးမဟုတ်ပါဘူး။ ဖတ်နိုင်မှာပါ။ ၀တ္ထုစာအုပ်ဆိုဒ်လေးရယ်ပါ။)

ဒုစရိုက်တရားဆိုရင်တော့ အကုသိုလ်တရားအစစ်အမှန်ပဲ။ သုစရိုက်တရားဆိုရင်တော့ ကုသိုလ်တရား အစစ်အမှန်ပါပဲ။ ဒါကတော့ အကုသိုလ်တရားအစစ်အမှန်ပါ။ ဒါကတော့ ကုသိုလ်တရား အစစ်အမှန်ပါဆိုတာကတော့ ``မိမိရဲ့ ကိုယ်ပိုင်ဥာဏ်နဲ့ ဝေဖန်ပိုင်းခြား၍ သိမြင်နိုင်တဲ့အခါမျိုးမှာ ခွဲခြားတတ်ပါလိမ့်မယ်။´´

ဘုန်းကြီးတွေနဲ့ ပတ်ဝန်းကျင်ဆိုတာက ဘယ်လောက်ပေါက်ပဲ ပါးစပ်ကနေ အမြှုပ်တစီစီထွက်အောင် ပြောနေပါစေ။ လက်ဆစ်တွေပြတ်ကျအောင် ရေးပြနေပါစေ.. သိကာမျှမတ္တလေး ကြားကာမျှမတ္တလေး မြင်ကာမျှမတ္တလေးပဲဖြစ်နေမှာပါ။ တကယ်တမ်း ဝေဖန်ပိုင်းခြားဖို့ဆိုတာကတော့ မိမိဥာဏ်ပညာကိုပဲ မိမိမှီခိုရပါလိမ့်မယ်။ ကျယ်ကျယ်ပြန့်ပြန့် လေ့လာချင်တယ်ဆိုရင်တော့ အင်္ဂုတ္ထိုရ်ပါဠိတော် တိကနိပါတ် ကေသမုတ္တိသုတ်တို့မှာ လေ့လာကြည့်လိုက်ပါ။

(ကျန်မေးခွန်းများကို ဆက်လက်ဖြေဆိုပေးပါမည်)
...................................................မိုးသု(မန္တလေး)

0 comments:

Post a Comment