Thursday, January 5, 2012

အမေး / အဖြေ ကဏ္ဍ ( မေးမြန်းရန်)

ဗုဒ္ဓဘာသာ တရားတော်များ နှင့်ပတ်သက်၍ မေးမြန်းလိုသူများအတွက်


ဒီစာမျက်နှာမှာ ကွန်မန့် ပေးပြီး ဝင်ရောက်မေးမြန်းနိုင်ပါတယ်။


စီဘောက်နဲ့  တခြားနေရာတွေမှာ မေးမြန်းထားတယ်ဆိုရင် အလွယ်တကူမတွေ့ နိုင်လို့ 


ဖြေကြားပေးနိုင်မှာ မဟုတ်ပါဘူး။ အဲတာကြောင့် ဒီစာမျက်နှာမှာပဲ


ကွန်မန့် ရေးပြီး မေးမြန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

12 comments:

Anonymous said...

အရှင်ဘုရား တပည့်တော် ရိုသေစွာဖြင့်လျှောက်ထားမေးမြန်းလိုပါတယ်ဘုရား။
တစ်ခြားဘာသာမှ ဗုဒ္ဓဘာသာသို့ကူးပြောင်းလျှင် မည်သည့် တရားကိုချီးမြင့်ခြင်းသည် သင့်တော်ပါသနည်း၊မည်သိုချီးမြှောက်ခြင်းသည်၊ပြုမူခြင်းသည် ထိုဘာသာဝင် အားဗုဒ္ဓဘာသာသို့ရောက်ရှိပြီဟု သတ်မှတ်ခံစားစေနိုင်ပါသနည်း၊ သိသာထင်ရှားနိုင်သော ကာယကံမြောက်ပြုမူမှုများကို ဆိုလိုမေးမြန်းခြင်းဖြစ်ပါသည် ဘုရား။

Anonymous said...

ဗုဒ္ဓ ဘုရား
သံဃာ ဘုန်းကြီး
ရှိခိုး
လက်အုပ်ချီ
ကန်တော့
ဖူးမြော်
ရုပ်ပွား
ဆင်းတု
ပလ္လင် တို့၏ အသုံးအနူန်းများ သိရှိလိုပါသည် အရှင်ဘုရား။

Anonymous said...

အရှင်ဘုရား၊ လူတိုင်း လူတိုင်းဟာ များသောအားဖြင့် မြင်းမိုရ်တောင်ကို ယူဇနာ ရှစ်သောင်းလေးထောင် ရှိ၏ဟု ပြောကြပါသည်။ သဒ္ဒါကြီး ပုဒ်စစ်စုံကျမ်း(၁၃၄)၌ ပြထားတာကတော့ ဂီရိရာဇာ-မြင်းမိုရ်တောင်မင်းသည် အဋ္ဌသဋ္ဌိသတသုဗ္ဗေဓော-ယူဇနာ တသိန်းခြောက်သောင်းအစောက်ရှိ၏-ဟု ပြဆိုထားရာ အထက်ပါစကားနှင့် ဆန့်ကျင်နေပါသဖြင့် ဘုရားတပည့်တော်အား ဖြေကြားပေးတော်မူပါဘုရား။
(အရှင်စန္ဒောဒယ-ခေတ္တ ကချင်ပြည်နယ်(သချိုင်းကုန်း)) (ဘာဖြစ်လို့လဲဆို လူတိတ်ဆိတ်တဲ့နေရာမှာ နိဗ္ဗာန်တံခါးဝကို ရှာလိုရမယ်ဆိုတဲ့ အဆိုလေးကြောင်းပေါ့ဗျာ ယခုက ခေတ်မှီလာပြီလေ မြို့ တွေ က စည်ကားလာပြီးဆိုတာ သချိုင်းကုန်းပဲ တိတ်ဆိတ်တာကို )

အရှင်စန္ဒောဒယ-ခေတ္တ ကချင်ပြည်နယ်(သချိုင်းကုန်း) said...

မင်းဘယ်မှာလဲ မြင့်မိုရ်တောင်
အောက်ကတော့ မေးခွန်းကို ကချင်ပြည်နယ်မှ ကုလားဘွဲ့ခံ စန္ဒောဒယကနေပြီးတော့ မေးထားတာပါ
(မေး)

Maunghlamin said...

အရှင် ဘုရား

ဘုန်းဘုန်း ဘုရား- တပည့်တော် မေးစရာတွေ ရှိလို့ လျှောက်ထားအပ်ပါတယ် ဘုရား။ တပည့် တော် ရဲ့ နံမည် က မောင်လှမင်း ဖြစ်ပါတယ် ဘုရား။ တပည့်တော် ကြားဘူးထဲက လူသက်တမ်း အနှစ်၅၀ မှာ နတ်သက်တမ်း ၁ရက် ဖြစ်တယ်လို့ ကြားဘူးပါတယ်ဘုရား။ ဘယ်လိုနတ်မျိုး မှာလည်း ဘုရား။ နတ်ပြည် ၆ထပ် ရှိပါတယ်။ နတ်ပြည် မှာလည်း သူ့သက်တမ်းနဲ့သူ ဖြစ်တယ်လို့လည်း ကြားဘူးပါတယ်ဘုရား။ နောက် မြတ်စွာဘုရား က ၀ါတွင်း ၃လ လုံး နတ်ပြည်မှာ မြတ်စွာဘုရားရဲ့ မယ်တော် (မိနတ်သား) ကို တရား (အဘိဓမာတရားတော်)သွား ဟောတဲ့ တရား က လူ့ပြည် မှာ ရှိတဲ့ အဘိဓမာ တရားတော်နဲ့ တူတူဘဲလားဘုရား။ ဆိုလိုတာက လူ့ပြည် ၃လ သက်တမ်း (နာရီပေါင်း ၂၄နာရီ/တရက် - ရက်ပေါင်း ၉၀- စုစုပေါင်း နာရီ ၂၁၆၀ ) အဘိဓမာ တရား တော် ဟောကြား တာ ဘယ်လို အဘိဓမာ တရားတော်မျိုး ဘာလဲဘုရား။ လူ့ပြည် မှာ ဟော ရင်ကော ဘယ်လောက် ကြာပါသလဲ ဘုရား။ လူ့ ရဲ့ မှတ်ဥာဏ် နဲ့ နတ် သား/သမီး မှတ်ဥာဏ် ဘယ်လောက် ကွာခြား ပါသလဲ ဘုရား၊ နောက် မြတ်စွာဘုရား စဖြစ်တော်မူတုန်းက နတ်ပြည် မှာ ရှိတဲ့ နတ်သမီးတွေ ဘုရားကို ကပ်လှူဘို့ ပန်းခိုင် စီစဉ်တာ ဘုရား ပုရိနိဗာန် စံသွားတောင် မပြီးသေးဘူးလည်း ကြားသိရပါတယ်ဘုရား။ နတ်သမီးတွေ လက်ကိုင်ပုံ က တပည့်တော် လူသားတွေ စာရင် လုပ်ကိုင်ပုံ နှေးကွေးတယ်လို့ ထင်မိပါတယ်ဘုရား။ တပည့်တော်အား ရှင်းရှင်းလင်းလင်း မှတ်သား မိအောင် ဥပမာ တွေ နဲ့ ရှင်းပြပေးတော်မူ တပည့်တော် ရိုသေစွာ လျှောက်ထားအပ် ပါ တယ် ဘုရား..

မောင်လှမင်း(၁၁-၁၀-၁၂)

ဇော်မင်းဦး said...

အရှင်ဘုရား...
တရားတော်တွေလေ့လာပြီး အခုထက်ထိ စိတ်ထဲမရှင်းတာလေးတွေရှိလို့ မေးပါရစေ...
ဘုရားကို ယုံကြည်ကိုးကွယ်တာ သူဟောခဲ့တဲ့တရားတွေကို ယုံကြည်လို့ပေါ့နော်...
ဘုရားက ကာလမသုတ်မှာ ဟောခဲ့တာ ပြောတိုင်းမယုံဘဲ လက်တွေ့ကျင့်ကြံကြည့်ပြီးမှ ယုံဖို့ဟောခဲ့တယ်...
တရားဂုဏ်တော်မှာလည်း လာပါ..ကျင့်ကြည့်ပါ.. အစမ်းသပ်ခံပါတယ်လို့ ပြောထားတယ်...

အဲ့ဒီတော့ တရားကို (ဘုရားကို) သူပြောတာမှန်မမှန် ဦးနှောက်နဲ့ စဉ်းစားကြည့်တာ မှန်ရဲ့လား...
အဲ့ဒီလိုဆိုရင် ဘုရားအပေါ် ၀ီစိကိစ္စာ (စာလုံးပေါင်းမှားရင်တောင်ပန်ပါတယ်) ယုံမှားသံသယ ရှိသလိုဖြစ်သွားမလား..
ဘုရားဟောမှန်သမျှ အားလံုးကို မျက်စိမှိတ်ယုံသင့်သလား ... ဝေဖန်ပိုင်းခြားပြီးမှယုံသင့်သလား...

Unknown said...

အသက်​နဲ့လာဘ်​လာဘ တစ်​မျိုးမျိုးစွန့်​နိုင်​ပြီးရတနာသုံးပါးကိုကြည်​ညိုသူဟာ​သောတာပန်​ ပုဂ္ဂိုလ်​ဆိုတာ မှန်​ပါသလား အရှင်​ဘုရား။

yhm said...

အရှင်ဘုရား တပည့်တော် အရှင်ဘုရားတို့ ပဋန်းရွတ်တဲ့ပါဠိလို လိုချင်လို့ပါ ရနိုင်မယ်ဆိုပို့ပေးပါ တပည့်တော် mail က yehtutmaung@gmail.comပါ ကွန်ပျူတာနဲ့ဖတ်လို့ရတဲ့ ဒါမှမဟုတ် တင်ထားဆိုက်ရှိရင် link လေးပေးပေးပါ

မောင်ခွန်အား said...
This comment has been removed by the author.
Unknown said...

အရှင်​ဘုရား​မေးခွင့်​ပြုပါ ဘုရား
အရုပ်​​သောတရား​ဟောပလ္လင်​ အပ်​မအပ်
နောက်​ဘယ်​လိုပလ္လင်​မှအပ်​တယ်​ဆိုတာအမိန့်ရှိပါဘုရား
ရို​သေစွာဖြင့်​...

Little Hazard said...

အရှင်ဘုရား
ဗုဒ္ဓဘာသာမှာ ပြောပြောနေကြတဲ့ "သီလ၊ သမာဓိ၊ ပညာ" မှာ "ပညာ" ဆိုသည်မှာ မည်သို့သော ပညာမျိုးကို ဆိုလိုပါသလဲ။ သိလိုလှပါတယ်ဘုရား။

Unknown said...

တပြည့်တော်ရိုသေစွာလျှော်ထားအပ်ပါတယ်အရှင်ဘုရား

စိတ်ဆိုသည်မှာဘာကိုဆိုလိုပါသလည်းဘုရား
စိတ်အကြောင်းကိုဖြေဆိုပေးသနားတော်မူပါဘုရား

Post a Comment