Friday, January 6, 2012

ရည်းစားတွေကို ပြောမပြရသေးတဲ့ ကျွန်မရဲ့သစ္စာ

(အရှင်ဘုရား တပည့်တော်

သိချင်တဲ့မရှင်းတာလေးတွေကိုမေးခွင့်ပြုတော်မူပါဘုရား.........အဟောသိကံဆိုတာ

ဘာလဲ အဟာသိကံဆိုတာ ဒုတိယဘ၀နဲ့ တတိယဘ၀မှာသာအကျိုးမပေးပဲ

သံသရာမှာတော့ တစ်ချိန်ချိန်ပြန်လည်အကျိုးပေးမည့်ကံလား ဒါမှမဟုတ်ရင်

ဘယ်သောအခါမှ အကျိုးပေးခွင့်မရှိတော့တဲ့

ကံလားဆိုတာသိချင်ပါတယ်ဘုရား.........)

ကုသိုလ်ကံပဲဖြစ်ဖြစ် အကုသိုလ်ကံပဲဖြစ်ဖြစ် (၁)ဒီလက်ရှိပစ္စုပ္ပန်ဘ၀မှာပဲအကျိုးပေးနိုင်မယ့်ကံ=ဒိဋ္ဌဓမ္မဝေဒနီယကံ။ (၂)ဒုတိယဘ၀၌ အကျိုးပေးနိုင်မယ့်ကံ=ဥပပဇ္ဇဝေဒနီယကံ။ (၃)တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်မည့် ဘ၀တိုင်းအောင် အကြားအကြားသော ဘ၀တို့၌ သင့်တော်မည့်ဘ၀တစ်ခုတွင် အကျိုးပေးနိုင်မယ့်ကံ= အပရာပရိယဝေဒနီယကံရယ်လို့ ကံသုံးမျိုးရှိတယ်။

ပစ္စပ္ပုန်ဘ၀မှာအကျိုးပေးနိုင်တဲ့ ကံဟာ ပစ္စုပ္ပုန်ဘ၀မှာ အကျိုးမပေးလိုက်နိုင်ဘူး အကျိုးပေးဖို့အတွက် အခွင့်အရေးမရလို့ အကျိုးမပေးလိုက်နိုင်ဘူးဆို၇င် အဲဒီကံဟာ အဟောသိကံဖြစ်သွားပြီ။ သူဟာ လက်ရှိဘ၀မှာ အကျိုးပေးရမှာကို အကျိုးမပေးလိုက်နိုင်တဲ့အတွက် ဒုတိယဘ၀မှာဖြစ်ဖြစ် တတိယဘ၀မှစ၍ နိဗ္ဗာန်ေ၇ာက်သည့်တိုင်အောင် အကြားအကြားသော သင့်တော်ရာဘ၀တစ်ခုခုမှာဖြစ်ဖြစ် သူဟာ အကျိုးမပေးတော့ဘူး။

ဆိုပါတော့ လူတစ်ယောက်ဟာ ဒီဘ၀မှာ သေချာပေါက် ထီပေါက်မယ့်ကံပါလာတယ်။ ဒါပေမယ့် သူဟာ ထီမထိုးတတ်သေးတဲ့အရွယ် ကလေးဘ၀မှာ အကြောင်းတစ်ခုခုကြောင့် သေသွားခဲ့တယ်ဆိုရင် အဲဒီပေါက်မယ့်ကံဟာ အဟောသိကံ=အကျိုးမပေးနိုင်တော့တဲ့ ကံဖြစ်သွားပြိ။ အဲဒီကံဟာ ဒီဘ၀မှာပဲ ပြီးသွားပြီ။ နောက်ထပ်ဘ၀တွေကို လိုက်ပြီးတော့ အကျိုးပေးမှာမဟုတ်တော့ဘူး။

ဒုတိယဘ၀နဲ့ တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည်တိုင်အောင် အကြားကြားသော ဘ၀တစ်ခုခုမှာ အကျိုးပေမယ့်ကံဟာလဲ အဟောသိကံ=အကျိုးမပေးနိုင်တော့တဲ့ကံ ဖြစ်သွားတတ်တာပဲ။

အရှင်အင်္ဂုလိမာလာထေရ်ရဲ့ ဘ၀ဖြစ်စဉ်ကို သုံးသပ်ဆင်ခြင်ကြည့်လိုက်ပေါ့။

သူဟာ ခိုးသူကြီးအဖြစ်နဲ့ လူတွေကိုသတ်တယ်။ သူ့ဘ၀မှာ လက်ရှိဘ၀မှာ အကျိုးပေးမယ့်ကံ ဒုတိယဘ၀မှာအကျိုးပေးမယ့်ကံ တတိယဘ၀မှစ၍ သင့်တော်တဲ့ဘ၀မှာ အကျိုးပေမယ့်ကံရယ်လို့ ကံသုံးမျိုးလုံးကို ပြုမိထားတယ်။

ဒါပေမယ့်သူဟာ ရဟန္တာဖြစ်သွားခဲ့တယ်။ ရဟန္တာဖြစ်တဲ့အတွက် ဒုတိယဘ၀ တတိယဘ၀ဆိုတာတွေ မရှိတော့ဘူး။ ဒီတော့ ဒုတိယဘ၀နဲ့ တတိယဘ၀မှာ အကျိုးပေမယ့်ကံတွေဟာ အဟောသိကံ=အကျိုးမပေးနိုင်တဲ့ ကံဖြစ်သွားတယ်။

လက်ရှိဘ၀မှာအကျိုးပေမယ့် ကံတွေကတော့ သူ့ကို ကောင်းကောင်းကြီး အကျိုးပေးသွားခဲ့တယ်။ အရှင်အင်္ဂုလိမာလာက လမ်းထဲကို ဆွမ်းခံသွားနေတယ်။ အိမ်ပေါက်ဝက ခွေးကို ခဲနဲ့ပစ်တာတောင်မှ ခွေးမမှန်ပဲ ခဲက လမ်းကြောင်းပြောင်းပြီးတော့ အရှင်အ၈င်္ုလိမာလာကိုပဲ မှန်တယ်။ ဒီလောက်ထိအောင်ကို ပယ်ပယ်နယ်နယ် အကျိုးပေးသွားတယ်။

ဒီလောက်ဆိုရင်တော့ အဟောသိကံအကြောင်းကို နားလည်လောက်ပြီးလို့ထင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ဖတ်ချင်ရင်တော့ အရှင်ဇနကာဘိဝံသရဲ့ ကိုယ်ကျင့်အဘိဓမ္မာကျမ်းစာနဲ့ သင်္ဂြိုဟ်ဘာသာဋီကာကျမ်းစာမှာ ဖတ်ကြည့်လိုက်ပါ။

(နောက်တစ်ခုကတော့ လူမှုရေးကိစတစ်ခုပါဘုရား အဲဒါက တပည့်တော်မသည်

အိမ်ထောင်မကျသေးတဲ့ အတွက် ရည်စားထားခြင်းသည် ကွဲပြဲခြင်း စတာတွေက

ဖောက်ပြန်မှုလို့ယူဆလို့ရပါလားဘုရာ.း.....တပည့်တော်မရဲ့အယူအဆကတော့

အိမ်ထောင်ကျပြီး တရားဝင်လက်မှတ်ထိုးပြီးမှသာ

လင်ယောက်ျားအပေါ်သစာရှိရှိပေါင်းသင်းမည်ဟု ဆုံးဖြတ်ထားပါတယ် လက်မထပ်ခင်

အိမ်ထောင်မကျခင် မှာ ကိုယ့်ဘ၀အတွက်

သင့်တော်တဲ့လူကို တန်းစီထားပြီး ရွေးချယ်တာ ဒါမှမဟုတ်

ခုခောတ်စကားအရဆိုရင်တော့ ရည်းစာများတယ်ပြောချင်ပြောကြမှာပေါ့ ဒါပေမယ့်

အိမ်ထောင်ကျပြီးရင်တော့ သစာရှိရှိပေါင်းသင်းဖို့ ဆုံးဖြတ်ထားပြီးသားပါ

အဲဒါရော အပြစ်ဖြစ်လား ကိုမချစ်တော့တဲ့လူနဲ့ ဆက်မပေါင်းချင်တော့ရင်

အဆက်ဖြတ်တာရော.......အကုသိုလ်မြောက်ပါသလား ဒါမှမဟုတ်

သည်းခံပြီး ဆက်ပေါင်းဖို့လား ရှုပ်ထွေးလွန်းလှတဲ့အတွက်

ဘာသာရေးနဲ့ပဲသင့်တော်အောင် အဆုံးအဖြတ်ပေးတော်မူပါဘုရား)

တရားဝင် အကြင်လင်မယားမဖြစ်သေးခင် ရည်းစားဘ၀မှာ အကြောင်းကြောင့် လမ်းခွဲလိုက်တာတွေဟာ ဘာသာေ၇းအရဆိုရင်တော့ ဖောက်ပြန်မှုမဟုတ်ပါဘူး။

နောက်ပြီးတော့ ရည်းစားများတာဟာ အပြစ်ဖြစ်သလားဆိုတာကတော့ ကျယ်ပြန့်သွားပြီ။ လူတစ်ယောက်ရဲ့ ဘ၀မှာ ဘာသာရေးရယ် ယဉ်ကျေးမှုရယ်ဆိုပြီးတော့ အဓိကအုပ်စိုးထားတဲ့အရာ နှစ်ခုရှိတယ်။

ဘာသာရေးအရ ရည်းစားများတာဟာ အပြစ်မရှိဘူး။ ပိုပြီး တိကျအောင်ပြောရရင် ငရဲကျလောက်တဲ့ အပြစ်မရှိဘူး။ ချွင်းချက်အနေနဲ့တော့ မယားရှိလင်တွေကိုတော့ ရှောင်ပေါ့။ မယားရှိလင်နဲ့ဆို၇င်တော့ ငရဲအိုးမှာ ချိုးကပ်ဖို့သာ တွေးထားလိုက်ပါ။

ဦးဇင်းတို့ မြန်မာလူမျိုးရဲ့ ယဉ်ကျေးမှုဟာ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာတရားတော်ထက်ပိုပြီးတော့ တချို့နေရာတွေမှာ တင်းကျပ်တယ်။ ဘာသာရေးက ရည်းစားများတာ အပြစ်လို့ မသတ်မှတ်ပေမယ့် ယဉ်ကျေးမှုက အပြစ်လို့သတ်မှတ်ထားတယ်။ ရည်းစားများတဲ့ မိန်းမကို မြန်မာ့ယဉ်ကျေးမှုက မိန်းမကောင်းအဖြစ် မသတ်မှတ်ဘူး။ ရည်းစားတစ်ထောင် လင်ကောင်းတစ်ယောက်ဆိုတာ အပျက်မတွေပြောတဲ့ စကားလို့ မြန်မာ့ယဉ်ကျေးမှုက သတ်မှတ်ထားတယ်။

အပျိုဘ၀ကတောင် စပ်စလူးထ ပွေလိမ်ရှုပ်နေတဲ့မိန်းမဟာ အိမ်ထောင်သည်ဘ၀မှာလဲ ဒီလိုပဲနေမှာပါလို့ တွေးတတ်ကြတယ်။ သားရှင်တွေက သူတို့သားလေးတွေနဲ့ မပေးစားချင်ကြဘူး။ အသိုင်းအ၀ိုင်းထဲမှာ မျက်နှာငယ်ရတယ်။ ဘယ်သူ့သမီးကတော့ ဘယ်လိုတဲ့ဆိုပြိး မိဘမောင်ဖွားတွေဟာ ကိုယ့်ကိုအကြောင်းပြုပြီးတော့ အတင်းစကားအဆိုခံရတတ်တယ်။ ဒါတွေက မြန်မာ့ယဉ်ကျေးမှုက ပေးတဲ့အပြစ်တွေပေါ့။

ဘာသာရေးအရ အပြစ်မရှိဘူးဆိုပေမယ့် ယဉ်ကျေးမှုအရ အပြစ်၇ှိတယ်။ ဘာသာရေးအရ အပြစ်မရှိဘူးဆိုတာက တွဲရုံသက်သက်ဆို၇င်တော့ အပြစ်မရှိဘူးလို့ပြောတာပါ။ နယ်ကျွံရင်တော့ ဘာသာရေးအ၇လဲ အပြစ်ရှိပါတယ်။

ဒီတော့ ကိုယ်အမှန်တကယ် လက်ထပ်နိုင်မယ်လို့ ယူဆတဲ့သူ့ကိုသာ လေ့လာတဲ့အနေနဲ့ လက်ခံပြိးတော့ တွဲကြည့်ပါ။ လူတကာတိုင်းကို လက်ခံပြီးတော့ တွဲမနေပါနဲ့။ ကိုယ်လေ့လာချင်လို့ လက်ခံတွဲကြည့်တဲ့ ဦးရေဟာ အတတ်နိုင်ဆုံး လက်သုံးချောင်းထက် မများပါစေနဲ့။

“ငါ့ကို လူအများမှတ်မနေနဲ့ သုံးတုံးစားပြီးကထဲက မင်းငါ့ကိုကျွေးတာ မစင်တွေဆိုတာ သိတယ်”ဆိုတဲ့ သူမျိုးလဲ မဖြစ်ပါစေနဲ့။

ကဲဒီလောက်ဆို၇င်တော့ အဖြေက အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်။ မရှင်းတာ နားမလည်တာပါရင် ထပ်မေးပေါ့။

…………………………………………………………………………………………………မိုးသု(မန္တလေး)

0 comments:

Post a Comment