Friday, January 6, 2012

ဘာသာခြားကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းလာခဲ့ရင်

(အရှင်ဘုရား တပည့်တော် ရိုသေစွာဖြင့်လျှောက်ထားမေးမြန်းလိုပါတယ်ဘုရား။
တစ်ခြားဘာသာမှ ဗုဒ္ဓဘာသာသို့ကူးပြောင်းလျှင် မည်သည့် တရားကိုချီးမြင့်ခြင်းသည် သင့်တော်ပါသနည်း၊မည်သိုချီးမြှောက်ခြင်းသည်၊ပြုမူခြင်းသည် ထိုဘာသာဝင် အားဗုဒ္ဓဘာသာသို့ရောက်ရှိပြီဟု သတ်မှတ်ခံစားစေနိုင်ပါသနည်း၊ သိသာထင်ရှားနိုင်သော ကာယကံမြောက်ပြုမူမှုများကို ဆိုလိုမေးမြန်းခြင်းဖြစ်ပါသည် ဘုရား။)

ဘာသာခြားကနေ ဗုဒ္ဓဘာသာကို ပဌမဦးဆုံး လုပ်ရမှာက သရဏဂုံခံယူခိုင်း၇မယ်။ သရဏဂုံကို နှုတ်ဖြင့် မခံယူသေးသမျှ စိတ်ထဲက ဘယ်လိုပင်ကြည်ညိုစေကာမူ ဗုဒ္ဓဘာသာဝင်လို့ ပြောလို့မရသေးဘူးနော်။ ဒါကြောင့် သရဏဂုံက မဖြစ်မနေ ပဌမဦးဆုံးအနေနဲ့ လုပ်ကို လုပ်ရပါမယ်။

ပြီးရင် ငါးပါးသီလကို သူယူမယ်ဆိုရင် ပေးရမယ်။ ငါးပါးသီလမယူချင်ဘူး အခြား သူယူချင်တဲ့ ရှစ်ပါး ကိုးပါး ကြိုက်ရာပေးနိုင်တယ်။


ဒီအဆင့်နှစ်ခုပြိးသွားရင်တော့ နောက်တစ်ခု မဖြစ်မနေလုပ်ရမှာက ကံ ကံရဲ့အကျိုးတရားကို နားလည်အောင် ဟောပေးရမယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာခြားအများစုက ဘုရားသခင်အပေါ်ကို မှီခိုကြတဲ့ ဘာသာတွေက များတယ်လေ။ ဗုဒ္ဓဘာသာကတော့ ဘုရားအပေါ်ကို မမှီခိုရဘူး။ ကိုယ့်ကိုယ်ကိုပဲ မှီခိုရတယ်။

မိဘကို မှီခိုလာတဲ့ ကလေးကို မိဘမရှိတော့တဲ့အခါမှာ ကိုယ့်ကိုယ်ကို မှီခိုတတ်အောင် သင်ပေးရသလိုမျိုးပဲ တစ်လျှောက်လုံး ဘုရားသခင်အပေါ်မှီခိုလာတဲ့သူမို့ ကိုယ့်ကိုယ်ကို မှီခိုတတ်အောင် အားကိုးတတ်အောင် သင်ပေးရမယ်။

အဲဒီလို သင်ပေးတာဟာ ကံ ကံရဲ့အကျိုးကို သူနားလည်သွားအောင် ပြောပြခြင်းပဲ။

ကံဆိုတာက ကိုယ်လုပ်တဲ့ ကောင်းကောင်းဆိုးဆိုး အလုပ်မှန်သမျှကို ကံလို့ခေါ်တယ်။ အဲဒီ ကိုယ်လုပ်တဲ့ အလုပ်ရဲ့ အကျိုးဆက်ကို ကံရဲ့အကျိုးလို့ခေါ်တယ်။ ကိုယ့်အလုပ်ရဲ့ အကျိုးဆက်ကို ကိုယ်ပဲတာဝန်ယူရမယ် ခံစားရမယ်ဆိုတာကို နားလည်အောင် ပြောပြပေးရမယ်။

ပြီးမှ ဘာဝနာတွေကို ဆက်ဟောပေါ့နော်။ အခြေအနေကိုလဲ ကြည့်ဟောဦး။ နားမလည်တာတွေများပြီး စိတ်ညစ်လဲသွားဦးမယ်။

ဒီလောက်ဆိုရင် နားလည်လောက်ပြီးလို့ ထင်ပါတယ်။ နားမလည်သေးရင် ဆက်မေးပါ။

.................................................................................................................မိုးသု(မန္တလေး)

0 comments:

Post a Comment