Thursday, January 12, 2012

ဘာကို ဗုဒ္ဓဘာသာလို့ ခေါ်တာလဲ

(ဘာသာဟာ ဗုဒ္ဓလား...

ဘာကို ဗုဒ္ဓဘာသာလို့ ခေါ်ဆိုပါသလဲ..

ထေရ၀ါဒသည်သာလျှင် ဗုဒ္ဓဘာသာဖြစ်ပါသလား..

ဘုရားရှင်ဟောထားခဲ့သော တရားတော်များကို ပိဋကတ် ဆိုပီး စာပေဖွဲ့ဆိုတာကို ဘာသာလို့ခေါ်ဆိုတာလား..

သံဃာကို ဘာသာလို့ ခေါ်ဆောင်တာလား..)

ဒကာက အဲဒါတွေကို သိချင်ပါတယ်လို့ ပြောထားတယ်နော်။ ဦးဇင်းတေို့ အနည်းငယ်ဆွေးနွေးကြည့်ကြတာပေါ့။

``ဘာသာ´´ဆိုတာ ပါဠိပုဒ်တစ်ခုဖြစ်ပါတယ်။ မြန်မာလိုဆိုရင် ``စကား´´တဲ့။ `ဘာသာ=စကား´ပေါ့။ (ဘာသီယတေ ကထီယတေတီတိ ဘာသာ)

``ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာ=ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောပြောတော်မူအပ်သော ကြောင့် ဗုဒ္ဓ၏ အဆုံးအမဟူသမျှ စကားတော်ဟူသမျှသည် ဗုဒ္ဒဘာသာမည်၏ တဲ့။ အင်္ဂလိဂ်ဆိုရင်တော့ Buddhism or Buddha's teachingပေါ့။´´

ဒါကြောင့် ဗုဒ္ဓဘုရားရှင် ဟောကြားထားခဲ့သော ပိဋကသုံးပုံပါဠိတော်များကို (ဗုဒ္ဓပောာဆိုညွှန်ကြား ဆုံးမခဲ့သော အရာများကို) `ဗုဒ္ဓဘာသာ´လို့ခေါ်ပါတယ်။

(သံဃာကို ဘာသာလို့ ခေါ်ဆောင်တာလား..)

သံဃာဆိုတာ ငါးပါးအစုရဟန်းတော်များကို သံဃာလို့ခေါ်ပါတယ်။ ရဟန်းတော်ငါးပါးမပြည့်ရင် သံဃာလို့သုံးလို့ မရပါဘူး။

ဒါကြောင့်သံဃာတော်တွေကို `ဘာသာ´လို့ ပြောလို့မရပါဘူး။ ``ဗုဒ္ဓဘာသာရဲ့ ဦးဆောင်သူများသာ ဖြစ်ကြပါတယ်။´´

``ရဟန်းတော်ပဲပြောပြော သံဃာတော်ပဲဆိုဆို ဘုရားသားတော်တွေပဲဆိုပါတော့။ ဘုရားသားတော်ဆိုတာက ဘုရားရှင်ရဲ့ ၀ိနည်းစည်းကမ်းဥပဒေအတိုင်း နေထိုင်ကြတဲ့သူတွေပါ။ တစ်နည်းပြောရင် အဖဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်များကို ပြန့်ပွားအောင် တည်တံ့အောင် သန့်ရှင်းအောင် ဆောင်ရွက်ကြရတဲ့သူတွေပါ။ ဒါကြောင့် သံဃာတော်ဆိုတာ ဗုဒ္ဓဘာသာသာသနာရဲ့ ``၀န်ဆောင်ပုဂ္ဂိုလ်တွေပါ´´ ။

ဲ့ ဗုဒ္ဓရဲ့စကားတော်ကို ဗုဒ္ဒဘာသာလို့ခေါ်သလို `ဗုဒ္ဓရဲ့တရားတော်တွေအတိုင်း လိုက်နာကျင့်နေတဲ့သူတွေကိုတော့ `ဗုဒ္ဒဘာသာဝင်´တွေလို့ခေါ်ပါတယ်။

သံဃာတော်တွေဆိုတာကတော့ ဗုဒ္ဓဘာသာရဲ့ဦးဆောင်ပုဂ္ဂိုလ်များသာဖြစ်ပါတယ်။

(သေချာဖတ်ပြီး သေချာတွေးပါ။ မဟုတ်ရင် ဦးဇင်းကို ဆဲကြမှာသေချာပါတယ်။)

..........................................................................................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)

လွန်ခဲ့တဲ့နှစ်နှစ်လောက် ရေးခဲ့တဲ့ ပို့စ်လေးပါ။

0 comments:

Post a Comment