Sunday, January 8, 2012

နေ့စွဲများနှင့် ဗုဒ္ဓဘုရားရှင်

အလောင်းတော်နတ်သားဟာ တုတိသာနတ်ပြည်မှ စုတေပြိးလျှင် ကပိလ၀တ်ပြည်ကြီး အရှင်သခင်`သုဒ္ဒေါဒန´ မဟာရာဇာ၏ တောင်ညာစံမိဖုရားကြီး `သီရိမဟာမာယာဒေ၀ီ´၏ ၀မ်းကြာတိုက်၌ ဘိုးတော်အဉ္စနမင်းဖြိုကြွင်း သက္ကရာဇ်(၆၇)ခုနှစ် ၀ါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ကာလ ပစ္ဆိမယာမ်၌ သန္ဒေတည်မူပါသည်။
(မယ်တော်၏ ၀မ်းကြာတိုက်၌ ရက်အားဖြင့်(၂၉၅)ရက် လအားဖြင့် (၁၀)လတိတိ အပိုအလိုမရှိ စံတော်မူပါသည်)

မဟာသက္ကရာဇ်(၆၈)ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ၀ိသာခါနက္ခတ်နှင့် စန်းလနတ်ယှဉ်စဉ် ကပိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည်တို့အကြား၌ရှိသော `လုမ္ဖိနီ´သာမော အင်းကြင်းတော၌ ဖွားမြင်တော်မူပါသည်။
(ဖွားမြင်သောအခါ၌ ``လောကသုံးပါးတွင် ငါသည်အမြတ်ဆုံးဖြစ်၏။ ငါသည် လူသုံးပါးတွင် အကြီးအကဲဆုံးဖြစ်၏။ ငါသည် လူသုံးပါးတွင် အချီးမွမ်းအပ်ဆုံးဖြစ်။ ဤယ္ခုမွေးဖွားခြင်းကား နောက်ဆုံးဖြစ်၏။ ငါအဖို့ရာ တစ်ဖန်ဘ၀သစ် ပြန်ဖြစ်ရခြင်း မရှိတော့ပြီ´´ဟု မြောက်အရပ်သို့ ဖ၀ါးခုနှစ်လှမ်း ကြွချီးတော်မူပြီး၍ ရဲ့ဝံ့စွာကြွေးကြော်တော်မူပါသည်။)

ဖွားမြင်ပြီး၍ ငါးရက်မြောက်သောနေ့ (ကဆုန်လပြည့်ကျော် ငါးရက်နေ့)၌ ခေါင်းဆေးခြင်းမင်္ဂလာ နာမည်ကင်ပွန်းတပ်မင်္ဂလာ အခမ်းအနားများပြုလုပ်ပါသည်။
(ထိုနေ့က ရာမ ဓဇ လက္ခဏ ဇောတိမန္တ ယည သုဘောဇ သုယာမ ဟူသော ပုဏ်ဏား (၇)ယောက်တို့သည် အလောင်းတော်၏ လက္ခဏာများကို ဖတ်ရှု့ပြီး၍ ``လူ့ဘောင်နေလျှင် စင်္ကြာဝတေးမင်းဖြစ်၍ ရဟန်းဘောင်နေလျှင် ဘုရားစင်စစ် ဖြစ်မယ်´´လို့ နိမိတ်ဖတ်တော်မူပြီး ကောဏ္ဍညနွယ်ဖွား `သုဒတ္တ´မည်သော ပုဏ်ဏားသည် အလောင်းတော်၏ လက္ခဏာတော်ကြီး(၃၂)ပါး လက္ခဏာတော်ငယ် (၈၀)တို့ကို စေ့ငုစွာကြည့်ရှု့ပြီး၍ ``ဘုရားစင်စစ် ဧကန်ုဖြစ်မယ်´´လို့ နိမိတ်ဖတ်ခဲ့ပါသည်)

``လောကသုံးပါးတို့၏ အကျိုးစီးပွားကို ပြီးစီးအောင်မြင်အောင် ဆောင်ရွက်တော်မူမည့် အကြောင်းနိမိတ်ကို အစွဲပြုကာ ပုဏ်ဏားရှစ်ယောက်တို့သည် တညီတညွှတ်တည်း အလောင်းတော်အား `သိဒ္ဒတ္ထ´ဟူ၍ နာမည် ကင်းပွန်တပ်ခဲ့ကြပါသည်´´

ခမည်းတော်မင်းကြီးသည် သားတော်အတွက် စိတ်ကြိုက်လက်ရွေးစင် အမျိုးသမီးပေါင်း(၂၄၀)တို့ကို အထိန်းတော်အဖြစ် ခန့်အပ်ခဲ့ပါသည်။ နို့ချိုတိုက်ကျွေးခြင်းအလုပ်ကိုတော့ မိထွေးတော်``မဟာပဇာပတိဂေါတမီ´´ ကိုယ်တိုင်တိုက်ကျွေးတော်မူခဲ့ပါသည်။

အလောင်းတော်သည် (၇)နှစ်အရွယ်သို့ရောက်လာသောအခါ အလောင်းတော်မင်းသားအတွက် သိကြားမင်းသည် မင်္ဂလာရေကန်တော် ကြီးကို ပြည့်စုံစွာဖန်တီး၍ ဆက်သခဲ့ပြန်ပါသည်။

အလောင်းတော် (၁၆)နှစ်သို့ရောက်သောအခါ၌ ဘုံကိုးဆင့်ရှိသော `ရမ္မ´မည်သော ဆောင်းရာသီစံနန်းတော်၊ ဘုံငါးဆင့်ရှိသော `သုရမ္မ´ မည်သော နွေရာသီစံနန်းတော်၊ ဘုံခုနှစ်ဆင့်ရှိသော `သုဘ´မည်သော မိုးရာသီစံနန်းတော် သုံးဆောင်ကို ခမည်းတော်မင်းကြီးက ဆောက်လုပ်ပေး၍ အလောင်းတော်ကို စံစားစေခဲ့ပါသည်။
(သာကီဝင်မင်းဆက်တို့တွင် ဤစံနန်းတော်သုံးဆောင်တို့ကို မည်သူတစ်ဦးတစ်ယောက်မျှ မခံစားခဲ့ကြဘူးပါဘူး။ အလောင်းတော်သည် ပဌမဥိးဆုံး စံစားခဲ့ရခြင်းဖြစ်ပါသည်)

အလောင်းတော်ဟာ စံနန်းတော်သုံးဆောင်၌ ``ဘဒ္ဒကစ္စနာယသော်ဓရာဗိမ္ဖာဒေ၀ီ´´ မင်းသမီးကို မိဖုရားခေါင်အရာထား၍ သာကီဝင်မင်းသမီးပေါင်း လေးသောင်းနဲ့စံတော်မူပါသည်။
(ယသော်ဓရာမှအပ ကျန်မင်းသမီးများသည် အခြံအရံသက်သက်သာဖြစ်ပါသည်၊ မင်းသမီးပေါင်းတစ်သောင်းသည် ယသော်ဓရာကို အမြဲခစားနေရပြီး ကျန်သုံးသောင်းသည် နန်းတော်တစ်ဆောင်လျှင် တစ်သောင်းကျစီတာဝန်ယူ၍ အမြဲနေထိုင်ကြရပါသည်)

ဤကဲ့သို့ (၁၃)နှစ်ကြာ နတ်စည်းစိမ်နှင့်တူသော မင်းစည်းစိမ်ကို ခံစား၍ မဟာသက္ကရာဇ်(၉၆)ခုနှစ် ၀ါဆိုလပြည့်နေ့၌ ``သူသေနိမိတ်´´ ကိုလည်းကောင်း၊
ထိုနှစ် တန်ဆောင်မုန်းလပြည့်နေ့၌ ``သူနာနိမိတ်´´ ကိုလည်းကောင်း
ထိုနှစ် တပေါင်းလပြည့်နေ့၌ ``သူသေနိမိတ်´´ကိုလည်းကောင်း
မဟာသက္ကရာဇ်(၉၇)ခုနှစ် ၀ါဆိုလပြည့်နေ့၌ ``ရဟန်းနိမိတ်´´ကိုလည်းကောင်း အသီးသီးမြင်တော်မူပါသည်။
(နိမိတ်ကြီးလေးပါးကို တစ်နေ့ထဲမြင်ခြင်းမဟုတ်ပါ၊ လေးလတစ်ကြိမ် မြင်ခြင်းသာဖြစ်ပါသည်)

ရဟန်းနိမိတ်မြင်တော်မူသော ၀ါဆိုလပြည့်နေ့မှာပဲ ယသော်ဓရာမိဖုရားမှ သားတော်ရာဟုလာမင်းသားလေးကို ဖွားမြင်တော်မူပါသည်။
သားတော်ကို ကိုယ်တော်တိုင် ``ရာဟုလာ´´ဟု နာမည်ပေးတော်မူပါသည်။

မဟာသက္ကရာဇ်(၉၇)ခုနှစ် ၀ါဆိုလပြည့် တနင်္လာနေ့ညဥ့် သန်းခေါင်ယံအချိန်၌ (အိပ်ပျော်နေသော မိဖုရားနဲ့သားတော်လေးကို ကြည့်တော်မူပြီး) ဖွားဖက်တော် ``ဆန္ဒ´´အမတ်ကို နောက်တော်ပါခေါ်၍ ``ကဏ္ဍက´´မြင်းတော်ကိုစီး၍ တောထွက်တော်မူခဲ့ပါသည်။
`အနော်မာ´မြစ်ကမ်းသို့ရောက်သောအခါ ဆံတော်ကိုပယ်၍ ရဟန်းပြုတော်မူပါသည်။
(လမ်းခရီးကိုရှေ့မှပိတ်၍ မာရ်နတ်သည် `မင်းသားသည် ဒီနေ့မှစပြီးရေတွက်လျှင် ခုနှစ်ရက်မြောက်သောနေ့၌ စကြာင်္မင်းအဖြစ် ရောက်တော်မူပါလိမ့်မည် တောမထွက်ပါနှင့်´ ဟု လာတားပါသေးသည်)

ရဟန်းပြုတော်မူပြီးသော အလောင်းတော်ကို ၀ါဆိုလပြည့်ကျော် (၅)ရက်နေ့၌ `ဗိမ္ဖိသာရ´မင်းကြီးမှ `ပဏ္ဍ၀´တောင်ထိပ်၌ သူပိုင်ဆိုင်သော တိုင်းပြည်(အင်္ဂတိုင်းနှင့် မဂဓတိုင်းနှစ်ခု) အာဏာ စည်းစိမ် စစ်တပ်တို့ကို အလောင်းတော်အား လှုတော်မူပါသည်။ အလောင်းတော်က လက္ခံတော်မမူခဲ့ပါဘူး။ ဒီအခါမှာ မင်းကြီးက ဘုရားဖြစ်လျှင် သူ့တိုင်းပြည်ကို ပဌမဦးဆုံးကြွပေးဖို့ ပင့်ဖိတ်လိုက်ပါသည်။

ဒုက္ကရစရိယာကျင့်ပြီး (၆)နှစ်အကြာ မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ကဆုန်လဆန်း(၁)ရက်နေ့၌ `အတ္တကိလမထ´အကျင့်ကို ပယ်စွန့်တော်မူပါသည်။
ကဆုန်လဆန်း (၁၄)ရက်ညဥ့်၌ ``အိပ်မက်ကြီးငါးပါး´´ကို မက်တော်မူပါသည်။ ကိုယ်တော်တိုင် အတိတ်နိမိတ်ကောက်တော်မူပါသည်။

ကဆုန်လပြည့် ဗုဒ္ဒဟူးနေ့မနက်ခင်း၌ ``အဇပါလ´´ညောင်ပင်၏အောက်၌ ``သုဇာတာ´´သူဌေးကတော် လှုဒါန်းအပ်သော တစ်သိန်းတန်ရွှေခွက်နှင့် ထည့်ထားအပ်သော နို့ဃနာဆွမ်းကို ရွှေခွက်နှင့်တကွ ခံယူရရှိတော်မူပါသည်။
နို့ဃနာဆွမ်းကိုဘုဉ်းပေးပြီးသောအခါ၌ အဓိဋ္ဌာန်ပြု၍ ရွှေခွက်ကို ``နေရဉ္စရာ´´မြစ်၌ မျှောတော်မူပါသည်။

မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဒဟူးနေ့ နေမ၀င်မီပင် ``ဒေ၀ပုတ္တမာရ်´´ကို အောင်မြင်တော်မူပြီးနောက် ထိုနေ့ ညဥ့်ဦးယံဝယ် ``ပုဗ္ဖေနိဝါသနုဿတိဥာဏ်´´ မိုးသောက်ယံဝယ် ``အာသ၀က္ခယဥာဏ်´´တည်းဟူသော ``၀ိဇ္ဖာဥာဏ်´´သုံးပါးတို့ကို ရတော်မူ၍ ကဆုန်လပြည့်နေ့ မိုးသောက်ယံတွင် ``သဗ္ဖညုတဥာဏ်တော်´´ကို ရရှိတော်မူကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိတော်မူပြီးနောက် ကဆုန်လပြည့်ကျော်(၁)ရက်နေ့ မနက်ခင်းအချိန်အခါဝယ် ``အနေကဇာတိသံသာရံ´´ စသော ဥဒါန်းတော်ကို အောင်မြင်ခံ့ညားစွာနဲ့ ကျူးရင့်တော်မူလိုက်ပါသည်။

သတ္တဋ္ဌာနစံတော်မူပြီး၍ ၀ါဆိုလဆန်း(၅) ရက် ဗုဒ္ဒဟူးနေ့တွင် ``ကြဇုသီး´´ ၀မ်းနှုတ်ဆေးဘုဉ်းပေးတော်မူ၍ ``တပုဿ´´(နောင်တော်) ``ဘလ္လိက´´(ညီတော်) တို့၏ ``မုန့်ကြွပ်ကျစ်နှင့် ပျားဆုပ်မုန့်´´တို့ကို အလှုခံတော်မူပါသည်။ ``ဒွေဝါစိကသရဏဂုံ´´ခံယူပြီးသော ညီနောင်နှစ်ဦးကို လက်ယာဘက်လက်တော်ဖြင့် ``ဆံတော်´´တို့ကို ချီးမြင့်တော်မူပါသည်။
(အဲဒီဆံတော်များသည် ရွှေတိဂုံစေတီတော်တွင် ယခုထိတိုင် သီးတင်းသုံးနေတော်မူဆဲဟု ပညာရှိသူတော်ကောင်း မထေရ်ကြီးတို့ထံမှ ပြောကြားခဲ့သည်ကို မှတ်သားခဲ့ဘူးပါသည်)

ဝါဆိုလဆန်း (၆)ရက် ကြာသပတေးနေ့ မနက်ခင်း၌ လင်းလွန်းပင်ရင်းမှ အဇပါလညောင်ပင်ရင်းသို့ တစ်ဖန်ကြွတော်မူပါသည်။ ညောင်ပင်ရင်း၌ ထိုင်တော်မူ၍ ``တရားမဟောတော့´´ဟု ကြံတော်မူပါသည်။ ``သဟမ္ဖတိ´´ဗြဟ္မာကြီးမှ တရားဟောပါရန် လာရောက်လျှောက်ထားတော်မူပါသည်။

ဝါဆိုလဆန်း(၁၄)ရက်နေ့အထိ ဗောဓိကုန်းအနီးပတ်ဝန်းကျင်၌ အလိုရှိတိုင်း သီတင်းသုံးတော်မူပြီး၍ ၀ါဆိုလပြည့်နေ့ မနက်ခင်းစောစောမှာ ပဉ္စ၀ဂ္ဂီတို့ကို တရားဦးဟောရန် မိဂါဝုန်တောသို့ ကြွချီတော်မူပါသည်။
မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့် ညနေချမ်းအချိန်၌ မိဂဒါဝုန်တောသို့ ရောက်တော်မူပါသည်။

``မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့် စနေနေ့ညနေချမ်းအချိန် အနောက်အရပ်သို့ အရောင်အ၀ါတို့ဖြင့်တောက်ပစွာ နေမင်းသည်ဝင်နေဆဲ အရှေကအရပ်က တောက်ပသောအရောင်အ၀ါတို့ဖြင့် လမင်းသည်ထွက်လာဆဲအချိန်တွင် `ဒွေမေ ဘိက္ခဝေ အန္တာ´ အစချီသော `ဓမ္မစက္ကပ၀တ္တနသုတ္တန်´ကို တရားဥိးဟောကြားသော ဘုရားရှင်၏ အသံတော်သည် ကမ္ဘာလောကအနှံ့အပြားသို့ စတင်ဖြန့်ကျက်လိုက်ပါတော့သည်´´

(သာယာအေးချမ်းလှသော ညနေချမ်းဝယ် လူနတ်ဗြဟ္မာတို့၏အကြားဝယ် တည်ငြိမ်အေးချမ်းစွာထိုင်တော်မူ၍ ဓမ္မစင်္ကြာတရားဟောနေဟန်ကို ဦးဇင်းစာရေးနေရင်းနဲ့ စိတ်ထဲကနေမှန်းမျှော်ကြည်ညိုပြိး ကြည်နူးလွန်းလို့ ကြက်သီးများ တစ်ဖြန်းဖြန်းထသွားမိပါသည်)

ဝါဆိုလပြည့်ကျော် (၅)ရက်နေ့၌ ``အနတ္တလက္ခဏသုတ္တန်´´ကို ဟောကြားတော်မူပါသည်။

ဝါဆိုလပြည့်ကျော်(၇)ရက်နေ့၌ ``အရှင်နာလက´´အား ``မောနေယျ´´အကျင့် ဟောကြားတော်မူပါသည်။

ဘုရားရှင်သည် ဘုရားဖြစ်ပြီး ``ပဌမဆုံးသောဝါကို´´ မိဂဒါဝုန်တော၌ ၀ါဆိုတော်မူပါသည်။ ၀ါကျွတ်၍ ပ၀ါရဏာပြုပြိးလျှင် မိဂဒါဝုန်တောမှ ဥရုဝေလတောသို့ ကြွတော်မူပြီး (၃)လပတ်လုံး သီးတင်းသုံးတော်မူပြီး တန်ခိုးပြာဋိဟာပေါင်း(၃၅၁၆)မျိုးတို့ကို ပြတော်မူပြိး ဥရုဝေလစသော ရသေ့တစ်ထောင်ကို ချေချွတ်တော်မူပါသည်။

ပြာသိုလပြည့်နေ့တွင် ရဟန္တာတစ်ထောင်ခြံရံကာ ရာဇဂြိုဟ်ပြည်သို့ ကြွကာ နှစ်လပတ်လုံး သီတင်းသုံးတော်မူပါသည်။
(ဗိမ္ဖိသာရမင်းကြိး၏ ဖိတ်ကြားချက်အရ ပဌမဆုံးကြွခြင်းဖြစ်သည်)

ပြာသိုလပြည့်ကျော်(၁)ရက်နေ့၌ မင်းကြိးမှ ``ဝေဠုဝန်´´ဥယျာဉ်တော်ကို လှုဒါန်းပါသည်။
ထိုနေ့မှာပဲ ကပိလ၀တ်နေပြည်တော်မှ ခမည်းတော်မင်းကြီးက သတင်းစကားကြားကာ အမတ်တစ်ထောင်ကို ဘုရားရှင်နေပြည်တော် သို့ ကြွတော်မူလာရန် အပင့်လွှတ်လိုက်ပါသည်။

ပြာသိုလပြည့်ကျော်(၂)ရက်နေ့၌ ``တိရောကုဋ္ဋသုတ္တန်´´ကို ဟောကြားတော်မူပါသည်။

တပိုတွဲလပြည့်နေ့၌ ဧဟိဘိက္ခု ဆဠဘိညဖြစ်တော်မူသော ရဟန္တာပေါင်း (၁၂၅၀)တို့ကို ``သြ၀ါဒပါတိမောက်´´ပြတော်မူပြီး ``အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ကို `အဂ္ဂသာဝက´ ရာထူး အပ်နှင်းတော်မူပါသည်။

တပေါင်းလပြည့်နေ့၌ ``အရှင်ကာဠုဒါယီ´´မထေရ်သည် မြတ်စွာဘုရားအား ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူရန် ``အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ´´စသော ဂါထာခြောက်ဆယ်တို့ဖြင့် ပင့်လျှောက်တော်မူပါသည်။

မဟာသက္ကရာဇ်(၁၀၃)ခုနှစ် တပေါင်းလပြည့်ကျော်(၁)ရက်နေ့တွင် ရာဇဂြိုဟ်မှ ကပိလ၀တ်သို့ စတင်ထွက်ခွါတော်မူခဲ့ပါသည်။

မဟာသက္ကရာဇ်(၁၀၄)ခုနှစ် ကဆုန်လပြည့်ကျော်(၁)ရက်နေ့၌ ကပိလ၀တ်နေပြည်တော်သို့ ရောက်ရှိတော်မူပါသည်။
(ရာဇဂြိုဟ်နှင့် ကပိလ၀တ်တို့သည် ယူဇနာပေါင်း(၆၀)ဝေးကွာပါသည်။ ဘုရားရှင်သည် တစ်နေ့လျှင် တစ်ယူဇနာနှုန်းဖြင့် ကြွတော်မူရာ နှစ်လကြာမှ ကပိလ၀တ်နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်ပါသည်)

အဲဒီနေ့မှာပဲ ဆွေတော်မျိုးတော်များရဲ့ သန်မာလှသော မာနကိုချိုးနှိမ်ဖို့ရန် ရေမီးအစုံစုံ တန်းခိုးပြာဋိဟာကို ပြတော်မူပါသည်။

တန်ခိုးပြာဋိဟာပြနေစဉ် အရှင်သာရိပုတ္တရာသည် ဂိဇ္ဈကုဋ်တောင်မှ ရဟန္တာငါးရာနှင့် ကြွလာတော်မူပြီး ဘုရားရှင်အား ``ဗုဒ္ဒ၀င်´´ (ဘုရားဖြစ်တော်စဉ်) ဒေသနာတော် ဟောပါရန်တောင်းပန်သည့်အတွက် ``ကပ္ဖေစ သတသဟေဿ´´ အစရှိသော ဂါထာပေါင်း(၉၅၁)ဂါထာဖြင့် ဗုဒ္ဒ၀င်ကို ဟောတော်မူပါသည်။

ဒေသနာတော်အဆုံး၌ ``ပေါက္ခရ၀ဿမိုးကြီး´´ ရွာသွန်းလိုက်ပါတော့သတည်း။ (ပထမပိုင်း ပြီးပြီ)


(ဒုတိယပိုင်း)

မဟာသက္ကရာဇ် (၁၀၄)ခုနှစ် ကဆုန်လပြည့်ကျော်(၂)ရက်နေ့ ဘုရားရှင်သည် ကပိလ၀တ်နေပြည်တော်မှာ ပဌမဦးဆုံးအဖြစ် (ဘုရားရှင်အစဉ်အဆက်တို့၏ ဓမ္မတာကို မစွန့်သောအားဖြင့်) ဆွမ်းခံလှည့်လည်တော်မူပါသည်။
ဆွမ်းခံကြွနေတဲ့ဘုရားရှင်ကို ယသော်ဓရာမိဖုရားဟာ လေသောက်ပြတင်းမှ မြင်ပြီး ``နရသီဟ(၁၀)´´ဂါထာဖြင့် ဘုရားရှင်၏ ရူပကာယ ဂုဏ်ကျေးဇူးများကို ဖော်ကျူးမြွက်ဆိုလိုက်ပါတေ့တယ်။
အဲဒီနေ့မှာပဲ သားတော်ရာဟုလာမင်းသားလေးသည် ဖခည်းတော်ဘုရားရှင်ကို ပဌမဆုံးအကြိမ် မြင်တွေ့ခွင့်ရပါသည်။
(ဆွမ်းခံကြွနေတဲ့ ဘုရားရှင်ကို ယသော်ဓရာမိဖုရားမှ အဲဒီရှေ့ဆုံးကသူဟာ သင့်ဖခည်းမည်းတော်ဖြစ်တယ်လို့ ပြောပြတာပါ)

ဒီနေ့မှာပဲ ခမည်းတော် သုဒ္ဒေါဒနမင်းကြီး သောတာပန် သကဒါဂါမ် အဆင့်ဆင့်တည်ပြီး မိထွေးတော်ဂေါတမီသည် သောတာပန်တည်သွားခဲ့ပါသည်။ တစ်ဖန် ဒီနေ့မှာပဲ ယသော်ဓရာ၏ ဂုဏ်ကျေးဇူးတို့ကို ဖော်ကျူးသောအားဖြင့် ``စန္ဒကိန္နရီဇာတ်တော်´´ ကို ဟောကြားတော်မူပါသည်။

ကဆုန်လပြည့်ကျော် (၃)ရက်နေ့၌ ညီတော်နန္ဒမင်းသားကို ရဟန်းပြုပေး၍ လပြည့်ကျော်(၇)ရက်နေ့၌ အမွေးတောင်းလာသော သားတော်ရာဟုလာမင်းသားလေးကို ရှင်သာမဏေပြုပေးလိုက်ပါသည်။

(ဘုရားရှင်၏ ဆွေတော်မျိုးတော်တို့သည် အဖေဘက်မှ ရှစ်သောင်း အမေဘက်မှ ရှစ်သောင်း ပေါင်း တစ်သိန်းခြောက်သောင်းရှိပါသည်။)

ဘုရားရှင်သည် ကပိလ၀တ်နေပြည်တော်မှ ပြန်ကြွ၍ ဝေဠုဝန်ကျောင်းတိုက်၌ ဒုတိယ၀ါဆိုတော်မူပါသည်။ ဤ၀ါတော်အတွင်းမှာပဲ သာကီဝင်မင်းသာ(၆)ယောက်မှ အရှင်ဘဒ္ဒိယသည် ရဟန္တာဖြစ်တော်မူပါသည်။
ဤဒုတိယ၀ါတော်အတွင်းမှာပဲ သားတော်ရာဟုလာအား ``အမ္ဖလဋ္ဌိကရာဟုလောဝါဒသုတ္တန်´´ကို ဟောတော်မူပါသည်။

တစ်ခါ အနာထပိဏ်သူဌေးကြီးနှင့်လည်း ဤဒုတိယ၀ါဆိုပြီးသော (၀ါကျွတ်သောအချိန်လောက်) နှစ်မှာပင် တွေ့တော်မူ၍ ``သာမုက္ကံသိက´´ဒေသနာတော်ဟောကြားရာ အနာထပိဏ်သူဌေးကြီး သောတာပန်တည်သွားခဲ့ပါသည်။

ဤသို့လျှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်.......

(၁)ပဌမ၀ါတော်ကို မိဂဒါဝုန်တော်၌လည်းကောင်း

(၂. ၃. ၄ )ဒုတိယ တတိယ စတုတ္ထ၀ါတော်တို့ကို ဝေဠုဝန်ကျောင်းတော်၌လည်းကောင်း

(၅) ပဉ္စမ၀ါတော်ကို မဟာဝုန်တော်၌လည်းကောင်း

(၆) ဆဋ္ဌမ၀ါတော်ကို မကုဠချယားတော၌လည်းကောင်း (အညာမှာ ခရေပင်ကို ချယားပင်ဟုခေါ်ဆိုကြပါသည်)

(၇) သတ္တမ၀ါတော်ကို (မယ်တော်ဖြစ်ခဲ့ဘူးသော နတ်သားအား ကျေးဇူးဆပ်သောအားဖြင့်) အဘိဓမ္မာတရားတော်ဟောကြားရင်း တာဝတိသာနတ်ပြည်၌ လည်းကောင်း

(၈) အဋ္ဌမ၀ါတော်ကို သုသုမာရဂိရပြည် ပဲစင်းငုံဘေးမဲ့တော၌လည်းကောင်း

(၉) န၀မ၀ါတော်ကို ကောသမ္ဖီပြည် ဃောသိတာရုံကျောင်း၌လည်းကောင်း

(၁၀) ဒသမ၀ါတော်ကို (ပါလိလေယျကဆင်းမင်း၏ ပြုစုလုပ်ကျွေးမှုကို ခံယူတော်မူ၍) ပါလိလေယျကတောအုပ်၌လည်းကောင်း

(၁၁) ဧကာဒသမ၀ါတော်ကို နာဠပုဏ်ဏားရွာ နာဠိကာရုံကျောင်းတိုက်၌လည်းကောင်း

(၁၂) ဒွါဒသမ၀ါတော်ကို ဝေရဉ္ဖာပြည် တမာပင်၏အနီး၌လည်းကောင်း

(၁၃) တေရသမ၀ါတော်ကို စာလီယပြည် ဇန္တုရွာ စာလီယတောင်ကျောင်း၌လည်းကောင်း

(၁၄) စုဒ္ဒမ၀ါတော်ကို ကောသလတိုင်း သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌လည်းကောင်း

(၁၅) ပန္နရသမ၀ါတော်ကို သက္ကတိုင်း ကပိလ၀တ်၌လည်းကောင်း (ဘုရားရှင်သည် ပဌမအကြိမ် ကပိလ၀တ်ကြွတော်မူခဲ့စဉ်က ၀ါမဆိုခဲ့ပါ)

(၁၆) သောဠသမ၀ါတော်ကို အာဠာဝီပြည် အဂ္ဂါဠ၀နတ်ကွန်း၌လည်းကောင်း

(၁၇) သတ္တရသမ၀ါတော်ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌လည်းကောင်း

(၁၈. ၁၉) အဋ္ဌာရသမ၀ါတော်နှင့် ဧကူန၀ီသတိမ၀ါတော် နှစ်ဝါဆက်တိုက်ကို စာလီယတောင်ကျောင်း၌လည်းကောင်း

(၂၀) ၀ီသတိမ၀ါတော်ကို ဝေဠုဝန်ကျောင်း၌လည်းကောင်း

(ဤကား ပဌမဗောဓိအတွင်း အနိဗဒ္ဒ(အမြဲမရှိသော) ၀ါဆိုတော်မူရာ ဌာနများဖြစ်ကြပါသည်)

ထိုနောင် (၂၁-၄၄) အထိ ၀ါတော်များကို ကောသလတိုင်း သာဝတ္ထိပြည်၌ရှိသော ဇေတ၀န်ကျောင်းတော် ပုဗ္ဖာရုံကျောင်းတော်တို့၌ အမြဲသီးတင်းသုံး၍ ၀ါကပ်တော်မူပါသည်။

(ဘုရားရှင်သည် ချေချွတ်ထိုက်သည့် ဝေနေယျသတ္တ၀ါများရာဒေသတို့၌ ၀ါဆိုဝါကပ်ပြုတော်မူပါသည်။ ဘုရားရှင်သည် ၀ါဆိုရာအရပ်၌ ၀ါဆိုလပြည့်ကျော်(၁)ရက်နေမှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ လေးလပတ်လုံးသီးတင်းသုံး၍ ကျန်ရှစ်လပတ်လုံး ဝေနေယျတို့အ ကျိုးငှါ ဒေသစာရီကြွချီတော်မူပါသည်။

သက္ကရာဇ် (၁၀၃)ခုနှစ်၌ ပဌမ၀ါ သက္ကရာဇ် (၁၀၄)ခုနှစ်၌ ဒုတိယ၀ါ စသည်ဖြင့် သက္ကရာဇ်နှင့်ဝါတော်တို့ကို အစဉ်အတိုင်းသိတော်မူကြပါ)

ဤသို့လျှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် နှစ်ပေါင်း(၄၄)နှစ်ကာလပတ်လုံး ဝေနေယျတို့အား မနေမနားတရားရေအေး အမြိုက်ဆေးတိုက်ကျွေးတော်မူပါသည်။ (ဒုတိယပိုင်းပြီးပြီ)


(တတိယပိုင်း)

ဘုရားရှင်သည် ဝေနေယျသတ္တ၀ါတို့ကိုချေချွတ်ရင်း ဝေသာလီပြည်အနီး၌ရှိသော ဝေဠုဝရွာငယ်လေးသို့ ဆိုက်ရောက်တော်မူ လာခဲ့ပါသည်။

မဟာသက္ကရာဇ်(၁၄၇)ခုနှစ် ၀ါဆိုလပြည့်နေ့လောက်တွင် ရဟန်းတော်တို့အား ဝေသာလီပြည်အနီးရှိ အသိမိတ်ဆွေရဟန်းများရှိသော ကျောင်းတိုက်တို့၌ သွားရောက်ဝါဆိုခိုင်းတော်မူပါသည်။
(ဝေဠုဝရွာဟာ ရွာငယ်လေးမို့ ရဟန်းတော်များအတွက် ဆွမ်းအလုံအလောက်မရရှိနိုင်လို့ပါ)

ဝါဆိုပြီးမကြာခင်မှာပင် (ဆယ်ရက်အတွင်းလောက်) ဘုရားရှင်အားချက်ခြင်း ပရိနိဗာန်စံလောက်တဲ့ ဝေဒနာဆိုးကြီးဖြစ်ပေါ်လာခဲ့ပါသည်။ ထိုဝေဒနာအား ဖလသမာပါတ်ဝင်စား၍ (၁၀)လအတွင်း တဖန်ပြန်မဖြစ်ပါစေသား ဟု အဓိဋ္ဌာန်ပြု၍ တားမြစ်တော်မူပါသည်။
(အကျယ်သိလိုက မင်းကွန်းဆရာတော်ကြီး၏ မဟာဗုဒ္ဒ၀င်တော်ကြီး ပဉ္စမတွဲ စာမျက်နျာ-၃၀၉တွင် ဖတ်ရှု့နိုင်ပါသည်။)

ဘုရားရှင်သည် ၀ါကျွတ်လျှင် သာဝတ္ထိမြို့သို့ တစ်ဖန်ပြန်ကြွတော်မူပါသည်။ တန်ဆောင်မုန်းလဆန်း (၈)ရက်နေ့လောက်တွင် သာဝတ္ထိသို့ ရောက်တော်မူပါသည်။

အရှင်သာရိပုတ္တရာသည် မိမိ၏အသက်ကိုဆင်ခြင်ကြည့်ရာ ခုနှစ်ရက်သာကျန်တော့ကြောင်း သိတော်မူ၍ ဘုရားရှင်အားခွင့်ပန်ကာ မိမိမွေးဖွားရာဇာတိဖြစ်သော ရာဇဂြိုဟ်ပြည်နယ် နာဠကရွာသို့ (၇)ရက်ဖြင့် အရောက်ကြွတော်မူပါသည်။ မယ်တော်ကြီးအား သောတာပန်တည်စေတော်မူကာ တန်ဆောင်မုန်းလပြည့်နေ့ နံနက်စောစောအချိန်၌ ပရိနိဗာန်ပြုတော်မူပါသည်။

အရှင်မဟာမောဂ္ဂလာန်သည် ရာဇဂြိုဟ်ပြည် က္ကသိဂိလိတောင်ယံ ကာဠသိယာကျောက်ဖျာထက်၌ တန်ဆောင်မုန်းလကွယ်နေ့တွင် ပရိနိဗာန်စံဝင်တော်မူပါသည်။

မှတ်ချက်။ ။ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၌ ကဆုန်လပြည့်နေ့၌ ဘုရားဖြစ်တော်မူပါသည်။ ထိုနှစ် တပိုတွဲလဆန်း (၁)ရက်နေ့၌ အဂ္ဂသာဝကနှစ်ပါး ရဟန်းပြုကြ၍ လဆန်း(၇)ရက်နေ့၌ အရှင်မောဂ္ဂလာန် ရဟန္တာဖြစ်တော်မူ၍ လပြည့်နေ့၌ အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်တော်မူရာ ဘုရားရှင် (၄၅)၀ါရပြီးသည်ဖြစ်ရာ အဂ္ဂသာဝကနှစ်ပါးသည်လည်း (၄၄)၀ါဆီ ရပြီးဖြစ်ကြပါသည်။

ဘုရားရှင်သည် တပေါင်းလပြည့်နေ့၌ ဝေသာလီပြည် စာပါလစေတီ၌ အရှင်အာနန္ဒာအား ပရိနိဗာန်စံဝင်တော့မည့် အရိပ်နိမိတ်များ သုံးကြိမ်သုံးခါပြတော်မူပါသည်။
(သို့သော် မာရ်နတ်၏နှောက်ယှက်လှည့်ဖြားခြင်းကို ခံထားရသောကြောင့် အရှင်အာနန္ဒာသည် မရိပ်မိခဲ့ပါ)

မကြာခင် (အရှင်အာနန္ဒာ ဘုရားရှေ့မှထွက်သွားပြိး မကြာသောအချိန်လေးမှာ) မာရ်နတ်သည် ဘုရားရှင်ပရိနိဗာန်စံဝင်ဖို့ လာရောက်လျှောက်ထားပါသည်။ မာရ်နတ်ပြန်သွားပြီးမကြာခင်မှာ အာယုသခါင်္ရလွှတ်တော်မူပါသည်။

လပြည့်ကျော်(၁)ရက်နေ့၌ ဝေသာလီပြည်ကို နောက်ဆုံးကြည့်တော်မူခြင်းဖြင့် ကြည့်တော်မူပါသည်။

မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့် အဂါင်္နေ့နံနက်ခင်းတွင် ပါဝါပြည် စုန္ဒရွှေပန်းထိမ်သည်၏ သူကရမဒ္ဒ၀မည်သော ဆွမ်းကိုဘုဉ်းပေးတော်မူပါသည်။
(ဤဆွမ်းကား ဘုရားရှင်နောက်ဆုံးဘုဉ်းပေးတော်မူသော ဆွမ်းဖြစ်ပါသည်။ ဤမှနောက်၌ ပရိနိဗာန်စံဝင်သည့်တိုင်အောင် ဆွမ်းမဘုဉ်းပေးတောပါ)

ဘုရားရှင်သည်စုန္ဒရွှေပန်းထိမ်သည်၏ ဆွမ်းကိုဘုဉ်းပေးပြီးသောအခါ ကုသိနာရုံပြည်သို့ ကြွတော်မူပါသည်။ လမ်းခရီးအကြား၌ ပုက္ကုသ-မလ္လမင်းသားသည်လှုအပ်သော သင်္ကန်းကိုလှုခံရရှိတော်မူပါသည်။(ဤသင်္ကန်းကို ၀တ်ရုံခြင်းသည် ဘုရားရှင်၏ နောက်ဆုံးတင့်တယ် စံပါယ်တော်မူခြင်းဖြစ်ပါသည်)

ဘုရားရှင်သည် ကကုဓာမြစ်သို့ရောက်သောအခါ ရေချိုးတော်မူပါသည်။ (ဘုရားရှင်၏ နောက်ဆုံးရေချိုးခြင်းဖြစ်ပါသည်)

ဘုရားရှင်၏ ရေသနုပ်တော်လှန်းပြီးပြန်လာသော အရှင်အာနန္ဒအား ``ချစ်သားအာနန္ဒာ `တစ်စုံတစ်ယောက်သောသူသည် အချင်းစုန္ဒ သင်၏ဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော်မူ၍ ဘုရားရှင် ပရိနိဗာန်ပြုတော်မူရသည် သင့်အား လာဘ်မကောင်းလေစွ အရမတော်မလေစွ ´ ဟုပြောကြားကြလျှင် စုန္ဒသည်နှလုံးမသာမယာဖြစ်လိမ့်မည်။ သင်ချစ်သားသည် ထိုအခါ၌ ဤကဲ့သို့ တရားဟောပါဟု နည်းလမ်းပေးတော်မူပါသည်။

ဤသို့လျှင် (ညနေစောင်းလောက်) ကုသိနာရုံပြည် အင်ကြင်းတော၌ ရောက်တော်မူလာသော ဘုရားရှင်သည်---

သံဝေဇနိယလေးဌာနတို့ကို ဟောကြားတော်မူခြင်း
အရှင်အာနန္ဒာမေးလျှောက်သော အသေးစိတ်မေးခွန်းတို့ကို ဖြေကြားတော်မူခြင်း
စေတီတည်ထိုက်သော ပုဂ္ဂိုလ်လေးမျိုးကို ဟောကြားတော်မူခြင်း
မဟာသုဒဿနသုတ္တန်တော်ကြီးကို ဟောကြားတော်မူခြင်း
အရှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးများနှင် အံ့ဖွယ်ဂုဏ်လေးပါးကို ဟောကြားတော်မူခြင်း
သုဘဒ္ဒပရဗိုဇ်အား ချေချွတ်တော်မူခြင်း
နောက်ဆုံးသြ၀ါဒတော်မြွက်ကြားတော်မူခြင်းစသော လုပ်ငန်းပေါင်းများစွာကို ပရိနိဗာန်မပြုခင် အချိန်ပိုင်းလေးအတွင်းမှာ အံ့မခန်းလုပ်ဆောင်တော်မူပါသည်။

ဘုရားရှင်သည် ``ရဟန်းတို့ တစ်စုံတစ်ယောက်သော ရဟန်း၏စိတ်ဝယ် `ဘုရားဟုတ်လေသလော ဘုရားမဟုတ်လေသလော
တရားကောင်း ဟုတ်လေသလော တရားကောင်းမဟုတ်လေသလော
သံဃာစစ်ဟုတ်လေသလော မဟုတ်လေသလော
နိဗာန်ရောက်ကြောင်းမဂ်အစစ် ဟုတ်လေသလော မဟုတ်လေသလော´ ဟု ဘုရား၌ဖြစ်စေ တရား၌ဖြစ်စေ သံဃာ၌ဖြစ်စေ အကျင့်၌ဖြစ်စေ မဂ်၌ဖြစ်စေ ယုံမှားသံသယရှိနေလျှင် မေးမြန်းကြလော့ `ဘုရားရှင်ကို ငါတို့မိလိုက်ပါရဲ့နဲ့ မမေးရဲလို့ မမေးလိုက်ရဘူးလို့ သင်ချစ်သားတို့အား နောင်တတစ်ဖန်ပူပန်ခြင်းမဖြစ်ရအောင် မေးကြလော့´´ ဟု သုံးကြိမ်သုံးခါ မိန့်ကြားတော်မူပါသည်။ ရဟန်းတော်အားလုံးသည် ဆိတ်ဆိတ်သာနေတော်မူကြပါသည်။

ဒီအခါမှာဘုရားရှင်က ``သင်တို့သည် ငါတို့ကား ဘုရားရှင်၏တပည့်သားများဖြစ်ကြသည်။ ငါတို့၏ ပစ္စည်းလေးပါးတို့သည် ဘုရားရှင်၏ ဥစ္စာတို့သည်ဖြစ်ကြသည် စသဖြင့်တွေးပြီး ဘုရား၌ရိုသေခြင်းကြောင့် မမေးရဲကြဘူးဆိုရင် အနားမှာရှိတဲ့ကိုယ့်အချင်းချင်းကို မေးကြပါ´´ လို့ မိန့်ကြားတော်မူပြန်ပါသည်။
(ဘုရားရှင်၏ စိတ်သဘောထားသည်ကား ကြီးကျယ်မြင့်မြတ်တော်မူပါပေစွတကား)

ဤသို့လျှင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် နောက်ဆုံးသြ၀ါဒများမိန့်ကြားတော်မူကာ ``မမေ့မလျော့သော သတိတရားဖြင့် သင်ချစ်သားတို့ နေထိုင်ကြလော့´´ဟု နောက်ဆုံးရဲ့နောက်ဆုံးဖြစ်သော သြ၀ါဒတော်ကိုမိန့်ကြားတော်မူကာ ``မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့် အဂ်ါနေ့ညဥ့်သန်းလွဲ ပစ္ဆိမယံ၌ မလ္လတိုင်း ကုသိနာရုံပြည် အနီး အင်းကြင်းတော၌ ပရိနိဗာန်စံဝင်တော်မူ ခဲ့ပါသည်။

..............................................................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)


(စာစီစာရိုက် ကောင်းကောင်းမတတ်ခင် လွန်ခဲ့နှစ်နှစ်ခန့်က စာရိုက်ခဲ့တဲ့ပို့စ်မို့ တချို့စာလုံးပေါင်းတွေ မှားနေပါတယ်။ အချိန်ရမှ ပြန်ပြင်ပေးပါမယ်)

0 comments:

Post a Comment